ချောင်းဆုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1  ကာကွယ်ဆေးထိုးနှံပေး

ချောင်းဆုံ ဇွန် ၁၃

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer Comirnaty JN.1   အားအသုံးပြု၍ WHOSAGE ၏ အကြုံပြုချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းသာယာခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်း၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းဌာန ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးရရှိသည့် ခွဲတမ်းအပေါ်မူတည်၍ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1 ကို  ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)