ဘီးလင်း ဇွန် ၁၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများကို သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် တရားမဝင် ဆင်းကတ်များရောင်းချခြင်း ရှိ၊ မရှိကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီအရောင်ဆိုင်များနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် Royal စက်သုံးဆီဆိုင်နှင့် ပြည့်ဝစက်သုံးဆီဆိုင်များသို့ သွားရောက်၍ စက်သုံးဆီစျေးနှုန်း မြင့်မားမှုမရှိစေရေး၊ တရားမဝင်နေရာများသို့ မရောက်ရှိစေရေး၊ ရည်ညွှန်းပါစျေးနှုန်းများအတိုင်း ရောင်းချရေးကို စစ်ဆေးခဲ့သည်။ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် မိုဘိုင်းဖုန်းအရောင်းဆိုင်များဖြစ်သော Top Mobile ၊ Soe Moe Mobile နှင့် ဒေဝူးဖုန်းဆိုင်များသို့ သွားရောက်ပြီး တရားမဝင် Sim Card များ ရောင်းချခြင်း ရှိ၊ မရှိ၊ သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်း ရောင်းချစေရေးနင့် ပိုမိုရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)