မွန်ပြည်နယ်

ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ‌ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၅ နာရီအချိန်က မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီးအနီး၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်အမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် (၁၂၀) ကြိမ်မြောက် လေးမြို့နယ် ရွှေကျင်နိကာယနယာဓိက ပရိယတ္တိစာတော်ပြန်ဖြေပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် (၁၂၀) ကြိမ်မြောက် ‌ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင် (၄) မြို့နယ် ရွှေကျင်နိကာယနယာဓိကပရိယတ္တိစာတော်ပြန်ဖြေပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တောင်သူစုရပ်ကွက် မဟာမေဃဝန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ​ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့ မွန်းလွဲ(၂) နာရီကအ.မ.က(စကား၀ါ)​ကျောင်း၌ ပြုလုပ်သည်။

မော်လမြိုင်မြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

(၇၈)နှစ်​မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်  (၁) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြုလုပ်သည်။

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားမှုရှိစေရန် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် ၂ဝ၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ(မော်လမြိုင်) တပ်ဖွဲ့ဝင်ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး အမှတ်(၃)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂ဝ၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ (မော်လမြိုင်) တပ်ဖွဲ့ဝင်ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသား/ကျောင်းသူများ စစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ တပ်မတော်မှ အရာရှိကြီးများ၊ နယ်ဘက်မှ အရာရှိကြီးများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ ဆရာမများ၊ တပ်ဖွဲ့ဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်