မွန်ပြည်နယ်

မုဒုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၃)ကျောင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့တွင် (၉၃) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ တက်ရောက်ကြည်ညို

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၉၃) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားသည့် လမ်းများအတိုင်း ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီးတစ်‌လျောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိပထမရက်အဖြစ်လည်းကောင်း၊ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိဒုတိယရက်အဖြစ်လည်းကောင်း၊ ဇေယျာသီရီရပ်ကွက်လမ်းမကြီးမှ ဒေါ်လန်းရပ်အထိ တတိယရက်အဖြစ်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၂ စတုတ္ထရက်နေ့တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိအဖြစ်လည်းကောင်း လှည့်လည်အပူဇော်ခံရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

မုဒုံမြို့ ၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီက မြို့မ (၃)ရပ်ကွက်ရှိ အာသောကာရာမဘုန်းကြီးကျောင်း၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်ကြကာ မွန်လူမျိုးအများဆုံးနေထိုင်လျက်ရှိပြီး မွန်တိုင်းရင်းသားများအနေဖြင့် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရွာလွတ်ကျေးရွာတွင် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

သထုံမြို့နယ်၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ မွန်စုရပ်ရှိ သာသနာ့ရံသီ(မွန်)ကျောင်း၌ ယမန်နေ့ တပို့တွဲလပြည့်ကျော်(၁)ရက် နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၈) နှစ်​မြောက် မွန်အမျိုးသားနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ မွန်အမျိုးသားနေ့စင်မြင့်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်

မွန်အမျိုးသားတို့၏ဇာတိသွေး၊ ဇာတိမာန်များရှင်သန်နိုးကြားရေးနှင့် မွန်စာပေမွန်ယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လိုစိတ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ကာ (၇၈) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ် 

မွန်ပြည်နယ်၊ ​ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့နံနက်(၁၀)နာရီက Community Centre) ခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံ၊ ဘီးလင်း၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သထုံ၊ သံဖြူဇရပ် အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အလှပ်(ရွာသစ်)ကျေးရွာ ကတ္တရာထပ်ပိုးလွှာလမ်း(၂၄၀၀)ပေဖွင့်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ်(၉၁.၈)သန်းဖြင့် အလှပ်(ရွာသစ်)ကျေးရွာ ကတ္တရာထပ်ပိုးလွှာလမ်း အရှည်(၂၄၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်