ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကျိုက်မရော ဇွန် ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အထရံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးပြီး အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ ၁၂ရက်နေ့မှ စတင်ကာ ဇွန်လ ၁၇ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျိုက်မရောမြို့ ကုတင် (၂၅)ဆံ့ ဆေးရုံ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)