သထုံမြို့နယ်၌ နွေရာသီအခြေခံပန်းချီနှင့် ဂီတသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခမဲ့ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်းနှင့် ဂီတသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။