မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ တည်ထားကိုးကွယ်တော်မူသော ဘုရား၊ စေတီပုထိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအဦများ အသစ်တစ်ဖန် ဘက်စုံပြန်လည်မွမ်းမံထားမှုအတွက် စုပေါင်းရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦးများတွင် ရှေးဟောင်းလက်ရာမူများ မပျက်စေရေးနှင့်၊ သန့်ရှင်းသပ်ရပ်၍ သာယာလှပမှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ နတ်မှော်စာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော်ဘုရား၊ စေတီပုထိုးများနှင့် ရှေးဟောင်းသာသနိက အဆောက်အအဦးများ အသစ်တစ်ဖန်ဘက်စုံ ပြန်လည်မွမ်းမံထားမှုအတွက် စုပေါင်းရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၇) ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၇)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်အတွင်းရှိ ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၊ ရပ်ကွက်အတွင်းလူနေအိမ်များနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် ကြီးကြပ်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုး‌ကျော်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလျက် ဖေဖော်ဝါရီ ၁၄ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်များ၊ သိုလှောင်ရုံများ၊ ဈေးဆိုင်များတို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားထားရေးတို့ကို လှည့်လည် စစ်ဆေးအကြံပေးခဲ့ကြကြောင်း သိရသည်။

ဆီပူအိုးတည်ထားရာမှ မီးလောင်မှုဖြစ်ပွားကာ လူနေအိမ် (၃)လုံး ဆုံးရှုံးမှု ကမာဝက်မြို့တွင်ဖြစ်ပွား

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ ဂုံညှင်းတန်းရပ်ကွက်တွင် ယမန်နေ့ညက ဆီပူအိုးတည်ထားရာမှ မီးလောင်ကျွမ်းပြီး အနီးရှိလူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ ဆရာတော်ဘဒ္ဒန္တတေဇ မထေရ်မြတ်၏ သက်တော်(၇၁)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မုဒုံမြို့၌ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့် (၁) နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံမြို့)ရှိ စိုက်ပျိုးရေး အသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မုဒုံမြို့၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့က အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်သူများ၏ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်အတွင်း နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဆွေးနွေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့ နံနက်က အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀)(၂/၂ဝ၂၅)သို့တက်ရောက်မည့် သင်တန်းသား(၇၂)ဦးအား ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
Subscribe to မွန်ပြည်နယ်