မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား တက်ရောက်

၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မုဒုံမြို့နယ် မြန်မာမှု (ပန်းပုလုပ်ငန်း)နှင့် ရက်ထည်လုပ်ငန်း ကြည့်ရှုအားပေး၊ မုဒုံမြို့နယ်ပြည်သူ့ ဆေးရုံ၊ RC (၁)ထပ် စံကိုက်ခွဲစိတ်ခန်း အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်း (၁၀) မျိုး အတတ်ပညာကို ယဉ်‌ကျေးမှု အမွေတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှာက် လက်ဆင့်ကမ်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်သည် မေလ ၁ ရက်နေ့၊ နံနက်ပိုင်းက မုဒုံမြို့နယ် မြို့မ ၄ ရပ်ကွက်၊ ကျုံဖိုက်တံတားအနီးရှိ သိန်းသန်း မြန်မာမှု (ပန်းပုလုပ်ငန်း) သို့ရောက်ရှိပြီး အဆိုပါ ပန်းပုလုပ်ငန်းတွင် သစ်သားဖြင့် ဗုဒ္ဓရုပ်ပွား တော်မြတ်များ၊ ဇတ်နိပါတ် ရုပ်လုံးရုပ်ကြွများ၊ အသုံးအဆောင် ပန်းပုလက်မှု ပစ္စည်းများ ထုဆစ်လုပ်ကိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

သထုံရွှေစာရံစေတီတော်မြတ်ကြီး ဗောဓိညောင်ပင်၌ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်း

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေ‌ဆောင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်ရေသွန်းပွဲတော်ကို စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ‌ဗောဓိညောင်ပင်၌ အစဉ်အလာမပျက် ကျင်းပပြုလုပ်ရာ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ကုသိုလ်ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ​သာသနာ့ဗိမာန်ခန်းမဆောင်၌ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးဌာနမှ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းက ကျုံကဒတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ချောင်းဆုံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့‌နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများအား ရေသွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းတွင် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ဧပြီ ၂၈ ရက်က ဝဲပတန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကျိုက်ထိုခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် ရင်းငြိမ်‌တောင်ကျေးရွာ၌ အသင်းသားတောင်သူ၏ နွေစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ပေါင်မြို့နယ် ရင်းငြိမ်တောင်‌ကျေးရွာ ရွှေချမ်းသာစိုက်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်နိုင်ဦး၏ လယ်ယာ‌မြေတွင် နွေစပါးရိတ်သိမ်းနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်သင်းသင်းယုနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်