ဘီးလင်း ဇွန် ၁၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် Placement Test ဖြေဆိုနေမှုများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း)ကျောင်းသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး အထူးအစီအစဉ်အနေဖြင့် ဖြေဆိုခြင်းဖြစ်ရာ ယနေ့ Grade-4 မှ Grade–8 အထိ သင်္ချာဘာသာရပ်တွင် ဖြေဆိုရန်စာရင်းသွင်းထားသူ ၇၆ ဦးဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၇၂ ဦးရှိရာ ၉၄.၇ % ဖြေဆိုခဲ့ကြသည်။
ယင်း Placement Test ဖြေဆိုရာသို့ ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးမင်းတင်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများပါဝင်ကာ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘီးလင်း (ပြန်/ဆက်)