မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှူများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှု

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှူများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေးကင်းကျေးရွာ၊ အ.မ.က (ဒေးကင်း) ကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့ အ.လ.က (ခွဲ) အောင်ဇေယျကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်/ စာအုပ်စာစောင်ပြသ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်စေရန်နှင့် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.လ.က (ခွဲ) အောင်ဇေယျကျောင်း၌ ပြုလုပ်သည်။

ဘီးလင်းမြို့နယ်၌ Placement Test (အထူးအစီအစဥ်) ဖြင့် စာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ Placement Test (အထူးအစီအစဥ်) စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်သည်။

ကျိုက်ထိုမြို့နယ် မူလွန်‌-‌အောင်မင်္ဂလာ (၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ မူလွန်‌-‌ အောင်မင်္ဂလာ (၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်‌ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ရေးအတတ်ပညာသင် ကျောင်းသား/သူများရရှိရေး ဟောပြောပွဲဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ ရေးအတတ်ပညာသင် ကျောင်းသား/သူများ ရရှိရေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် ပြည်သူများအတွက် အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းကုသမှု အစီအစဉ်အား ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန် ၁၂ ရက် ညနေပိုင်းက မော်လမြိုင်မြို့ မင်းရွာကျေးရွာရှိ မွန်ပြည်နယ် မိုးလုံလေလုံအားကစားရုံနှင့် အာကစားဥယျာဉ်တို့အား ကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းအမှတ်စဉ် (၁၃) ဆရာဖြစ် ဒီပလိုမာ အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲ၊ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းအမှတ်စဉ် (၁၃) ဆရာဖြစ်ဒီပလိုမာ အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မိုလုံလေလုံအားကစားရုံ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ မွန်ပြည်နယ် မိုးလုံလေလုံအားကစားရုံနှင့် အာကစားဥယျာဉ်တို့အား ကြည့်ရှုစစ်ဆေးသည်။
Subscribe to မွန်ပြည်နယ်