မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်သားဖွား သင်တန်းကျောင်း၊ အပတ်စဉ် (၆) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
မွန်ပြည်နယ်၊ မော်လမြိုင်သားဖွားသင်တန်းကျောင်း၊ အပတ်စဉ် (၆) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။