ချင်းပြည်နယ်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး တတိယ အကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက် အမှာစကားပြောကြားသည်။

ဟားခါးမြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခဲ့သည့် ‌အသက် ၁၃ နှစ်နှင့်အထက် ကျောင်းသား‌၊ ကျောင်းသူများအား ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည်

ဟားခါးမြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခဲ့သည့် ‌အသက် ၁၃ နှစ် နှင့်အထက် ကျောင်းသား‌၊ ကျောင်းသူများအား ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံ‌ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm ) ပထမအကြိမ် ဒုတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

ချင်းပြည်နယ်၊ဖလမ်းမြို့၌ အသက်(၁၈)နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးပထမအကြိမ်(ဒုတိယနေ့)ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ ၁၇ ရက်၊နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ချယ်ရီခန်းမဆောင်၌ ဆက်လက်ထိုးနှံ‌ပေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm ) ပထမအကြိမ်ထိုးနှံခြင်း မရှိသေးသည့်ပြည်သူများအား ထိုးနှံပေးလျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှင့်အထက် ပြည်သူ များအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ထိုးနှံ‌ပေးလျက်ရှိရာ လာရောက်ထိုးနှံသူ (၂၆၀) ဦးရှိကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက် အမှာစကားပြောကြားသည်။

ရိခေါ်ဒါရ်မြို့၌ ပြည်သူ့စာကြည့်တိုက်လုပ်ငန်း Online ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် လွှင့်တင်ဆောင်ရွက်

ကလေးသူငယ်များ စာအုပ်စာစောင်နှင့် မကင်းဝေးပဲ ပိုမိုရင်းနှီးကျွမ်းဝင်လာစေရေး၊ စာအုပ်စာစောင်များ ပိုမိုချစ်မြတ်နိုးတတ်လာစေရေး၊ အားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း Online ဝန်ဆောင်မှု လုပ်ငန်းများကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ Facebook Page မှတစ်ဆင့် အရှိန်အဟုန်မြှင့် လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့တွင် နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံ

ဟားခါးမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းမှစ၍ စတင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
Subscribe to ချင်းပြည်နယ်