ဟားခါး ဒီဇင်ဘာ ၂၁
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး တတိယ အကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား ကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆောင်ရွက်ရန်နှင့် လိုအပ် ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန်လိုကြောင်း၊ ယခုအစည်းအဝေးတွင် ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသား နေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ယခင်နှစ်တွင်ဆောင်ရွက်ခဲ့သည့် အခြေအနေများကို တင်ပြပေး စေလိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆပ်ကော်မတီအလိုက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က လုံခြုံရေးဆိုင်ရာကိစ္စရပ် များ၊ တိုင်းရင်းသားဝတ်စုံများ ကြိုတင်စီစဉ်ထားရှိမှု၊ ဆပ်ကော်မတီအလိုက် သုံးစွဲမည့်ရန်ပုံငွေများထုတ်ပေးရန် ဆောင် ရွက်ထားရှိမှု၊ ဆယ်တင်ပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိရေး၊ အခမ်းအနား သတင်း မှတ်တမ်းများ စနစ်တကျ ရိုက်ကူးရေး ကိစ္စများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ယခင်နှစ်တွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းအခြေအနေများ၊ ရန်ပုံငွေထုတ်ယူသုံးစွဲမှုနှင့် စာရင်းစစ်ဆေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်