ဟားခါးမြို့တွင် နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံ

ဟားခါး    ဒီဇင်ဘာ    ၁၄

ဟားခါးမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများအား  ဒုတိယအကြိမ်   ကာကွယ်ဆေးကို    ယနေ့ နံနက်ပိုင်းမှစ၍ စတင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမနှင့် မြို့သစ်ရပ်ကွက်ရှိ ကာဆင်နှစ်ခြင်းဘုရားကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်သည်။

 ( ခရိုင် ပြန်/ဆက် )