ဟားခါးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ဟားခါး             ဒီဇင်ဘာ           ၁၈

ချင်းပြည်နယ်၊ ဟားခါးခရိုင်ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကလေးများ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးများအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ပျော်ရွှင်စွာ ဆေးရောင်ခြယ်ကြရင်း တစ်ဖက်တွင် စာကြည့်တိုက်နှင့် ရင်းနှီးလာပြီး စာအုပ်စာပေနှင့် နီးစပ်လာကာ စာဖတ်ဝါသနာပါလာ၍ အတွေးအခေါ်မြင့်မားသည့် နိုင်ငံ့သား‌ကောင်းများ ဖြစ်လာစေရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးရခြင်းဖြစ်သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပါဝင်သည့် ကလေးငယ်များအား ခရိုင်ပြည်သူ့ စာကြည့်တိုက်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )