ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm ) ပထမအကြိမ်ထိုးနှံခြင်း မရှိသေးသည့်ပြည်သူများအား ထိုးနှံပေးလျက်ရှိ

ဖလမ်း ဒီဇင်ဘာ ၁

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှင့်အထက် ပြည်သူ များအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ထိုးနှံ‌ပေးလျက်ရှိရာ လာရောက်ထိုးနှံသူ (၂၆၀) ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ သတ်မှတ်ထားသည့်အကွာ အ‌ဝေးအတိုင်း စနစ်တကျ တန်းစီ‌စေပြီး‌နောက် ကာကွယ်ဆေးမထိုးနှံပေးမီ  ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်း ပြုလုပ် ပြီးနောက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ရာ လာရောက်ထိုးနှံသူ ကျား (၁၁၃)ဦးနှင့် မ (၁၄၇)ဦး စုစုပေါင်း ( ၂၆၀)ဦးရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးမှုကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)