ရိခေါ်ဒါရ် ဒီဇင်ဘာ ၁၆
ကလေးသူငယ်များ စာအုပ်စာစောင်နှင့် မကင်းဝေးပဲ ပိုမိုရင်းနှီးကျွမ်းဝင်လာစေရေး၊ စာအုပ်စာစောင်များ ပိုမိုချစ်မြတ်နိုးတတ်လာစေရေး၊ အားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း Online ဝန်ဆောင်မှု လုပ်ငန်းများကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ Facebook Page မှတစ်ဆင့် အရှိန်အဟုန်မြှင့် လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ Online မှတစ်ဆင့် လွှင့်တင်ဆောင်ရွက်ရာတွင် ကလေးပုံပြင် ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းအလှဆင်ခြင်းနှင့် စာအုပ်မိတ်ဆက်ခြင်း စသည်များကို တစ်ပတ်လျှင် အနည်းဆုံးလေးကြိမ် ဗီဒီယိုရိုက်ကူးလွှင့်တင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ Online ဝန်ဆောင်မှုလွှင့်တင်ခြင်းကို “ရိခေါ်ဒါရ်မြို့ ပြည်သူ့စာကြည့်တိုက်” Facebook Page မှ လွှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Online ဝန်ဆောင်မှုလုပ်ငန်း လွှင့်တင်မည့် အစီအမံများရေးဆွဲပြီး စီမံချက်အတိုင်း အရှိန်အဟုန်မပျက် လွှင့်တင်ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
သောမတ်