ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူးပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ပရိတ်တရားနာယူခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။