ဖလမ်း ဇူလိုင် ၂၁
ချင်းပြည်နယ်၊ဖလမ်းမြို့၌ ဇူလိူင်လ ၁၉ ရက်နေ့ (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ကောင်းမှုကုသိုလ် ပြုလုပ်ခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သိရခြင်း အထိမ်းအမှတ် နိုင်ငံတော် အလံတိုင်တစ်ဝက်လွှင့်ထူခြင်း နှင့်ဥဩဆွဲနှစ်မိနစ်ငြိမ်သက်ခြင်းဆောင်ရွက်ခဲ့ကြသည်။
ဖလမ်းမြို့၌ အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရ ခြင်း အထိမ်းအမှတ်အဖြစ် နံနက် ၁၀ နာရီ၊ ၃၇ မိနစ်အချိန်တွင် ဗလိုင်ရက်ကွက်ရှိ ထီးရိပ်လမ်းဆုံ၊ မြို့တော် ခန်းမရှေ့နှင့် ကျင်မွာလ်ရပ်ကွက်ရှိ မြို့နယ်မီးသတ်စခန်းတို့တွင် မီးသတ်ယာဉ်ဖြင့် ဥဩဆွဲ၍လမ်း သွားလမ်းလာ မော်တော်ဆိုင်များ၊ မော်တော်ယာဉ်များနှင့်ပြည်သူများက (၂)မိနစ်ကြာ ငြိမ်သက်ခဲ့ကြကြောင်း သိရသည်။
အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း ကောင်းမှု ကုသိုလ်ပြုလုပ်ခြင်းနှင့် ဌာနဆိုင်ရာရုံးများ၌ နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူ၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရခြင်း အထိမ်းအမှတ် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ကိုရှိန်း