တွန်းဇံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအ သိပညာပေး (Talk Show) ဆောင်ရွက်

တွန်းဇံ ဇူလိုင် ၁၅

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တွန်းဇံမြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်ရာ၌ တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူးမြစိုးက တွန်းဇံမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဥပဒေပုဒ်မများနှင့် ကျခံနိုင်သည့် ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားကာ ပြည်သူများအနေနှင့် သိရှိလိုက်နာသင့်သည့် ရှောင်ရန်၊ ဆောင်ရန်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)