မင်းတပ်မြို့၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာလေးများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသော လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ ကျင်းပသည်။