တွန်းဇံမြို့၌ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး ဓဇဂ္ဂသုတ် ပါဠိတော် အလင်္ကာဂါထာတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ကုသိုလ်ပြု ဘုရားစေတီရင်ပြင်သန့်ရှင်းရေးဆောင်ရွက်
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်အေးချမ်းရေးအတွက် အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး၊ ဓဇဂ္ဂသုတ်ပါဠိတော် အလင်္ကာဂါထာရွတ်ဖတ်ပူဇော်ခြင်းနှင့် ကုသိုလ်ပြု ဘုရားစေတီရင်ပြင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များက ဇန်နဝါရီလ ၂၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။