တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပ

ဟားခါး ဖေဖော်ဝါရီ ၂

ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကာတွန်း စသည့် ပြိုင်ပွဲ (၄) မျိုးကို ဟားခါးမြို့ရှိ အခြေခံ ပညာကျောင်း (၄) ကျောင်းမှ  မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၁၀၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ပြိုင်ပွဲအမျိုး အစား (၄) မျိုးတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်မည်ဖြစ်ရာ စုစုပေါင်း ဆု(၃၆) ဆု ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနားအစီအစဉ်တွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)