ချင်းပြည်နယ်

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး (၁/၂၀၂၃)အတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

တောင်သူလယ်မားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး (၁/၂၀၂၃) အတွက် အကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာ စကားပြောကြားသည်။

တီးတိန်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ စံကိုက်ညီ‌ကျောင်းဆောင်တွင် ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့၌ ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ခေါလိုင်ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟားခါးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်း ခန်းမတွင် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ် “ချင်းအမျိုးသားနေ့” အကြိုဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ် “ချင်းအမျိုးသားနေ့” အကြိုဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) အခမ်းအနားကျင်းပ

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီဋ္ဌ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စီးပွားရေးရာဝန်ကြီးရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြားသည်။

တွန်းဇံမြို့၌ စတုတ္ထအကြိမ်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်‌ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်အခြေခံစားသောက်ကုန်ပစ္စည်း (၁၀) မျိုးကို ယနေ့ နံနက် ၉ နာရီအချိန်က ချင်းရွှေပြည်ခန်းမ၌  စတုတ္ထအကြိမ်ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

တွန်းဇံမြို့၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ချင်းပြည်နယ် တွန်းဇံမြို့တွင် အခြေခံပညာအထက်တန်း‌ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ခေါဝုန်‌လေးဆန်ရပ်ကွက်၊ အထကကျောင်းခန်းမ၌ ပြုလုပ်သည်။

ဖလမ်းမြို့၌လူငယ်စာကားဝိုင်းဆွေးနွေးပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူငယ်စကား ဝိုင်းဆွေးနွေးပွဲနှင့်ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်၊ ညနေပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဦးဗန်ကြီး ခန်းမ၌ကျင်းပသည်။

တွန်းဇံမြို့၌ ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခေါဝုန်‌လေးဆန်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်