တွန်းဇံမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

တွန်းဇံ ဖေဖော်ဝါရီ ၉

ချင်းပြည်နယ် တွန်းဇံမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ ကားလေးကွင်းသွားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကွန်ကရစ် လမ်းသစ်အစနေရာတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဟောက်ခုပ်က ယင်းကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြစိုးနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဟောက်ခုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကြပြီး တက်ရောက်သူများအားလုံးက အဆိုပါကွန်ကရစ်လမ်းသစ် တလျှောက်အား လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြစိုးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ကော်မတီဝင်များ၊ SMC Sian Siam Co.,ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါကွန်ကရစ်လမ်းသည် အရှည်(၂၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၉)လက္မ ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ချင်းပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၁၉၈) သန်းဖြင့် SMC Sian Siam Co.,ltd က ဇွန်လ မှ စက်တင်ဘာလထိ (၄)လအတွင်း တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဇိုဇွန်းပါလ် (ပြန်/ဆက်)