တီးတိန်မြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကတ္တရာလမ်းသစ် ဖွင့်ပွဲပြုလုပ်

တီးတိန် ဖေဖော်ဝါရီ ၇

ချင်းပြည်နယ် တီးတိန်မြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တီးတိန်မြို့ စကောလမ်းရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို အဆိုပါနေရာတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လမ်းနှင့်ပတ်သက်သည့် အချက်အလက်များအား တီးတိန်မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒေါ်ကျင်းဟွဲလွန်းက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ကတ္တရာလမ်းသစ်အားတီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်း၊ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးကိုကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးဇင့်ထောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကမ်းလျန်းထန်၊ Lily Mother Companyမှ ဦးခိုင်ထွန်းမန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး လမ်းသစ်အားလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လွတ်လပ်ရေးကျောက်တိုင်လမ်းကတ္တရာလမ်းသစ်သည် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌ရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်၄၀.၂၉၃သန်းဖြင့်Lily Mother Com.မှ တင်ဒါအောင်မြင်ဆောင်ရွက်‌‌သော အတိုင်းအတာ၁၀၆၀'×၁၂'ရှိကြောင်းသိရသည်။

လမ်းသစ်ဖွင့်ပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်းသိရသည်။

မိုးမိုး

မြို့နယ် (ပြန်/ဆက်)