တီးတိန်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

တီးတိန် ဖေဖဝါရီ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ စံကိုက်ညီ‌ကျောင်းဆောင်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဒိုင်းခန့်ဒိမ့်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးလုပ်သား အဓိပ္ပာယ်သတ်မှတ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးဒိုရှန်းမုန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မများ၊ ကလေးသူငယ်များ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များကိုဟောပြောခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို နေ့လည်၁၁နာရီတွင် ဆက်လက်ကျင်းပရာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျင့်ဒိတ်စံက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း Grade-11 မှ မောင်ကပ်ရှန်းဆန်၊ မောင်ဟိန်းထက်အောင်၊ မကျိန်မွန့်ကိမ်၊ မကျင်းဖောင့်လျန်းတို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည့်မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသူများက အပြန်အလှန် ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။

မိုးမိုး