(Video Conferencing) စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး ဖေဖော်ဝါရီ ၂

(Video Conference)စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအစည်းအဝေးအား ပုံမှန်ကျင်းပနိုင်ရေေနှင့် ၂/၂၀၂၃ ကြိမ်မြောက် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတိုက်ရေးရေး ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် (၅)ချက်အား ဆောင်ရွက်ရန်ကိစ္စများကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ကာ အခုလို အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် ကိုဗစ်−၁၉ ကူးစက်ရောဂါနှင့် နယ်မြေဒေသလုံခြုံရေး အခြေအနေများကြောင့် စီးပွားရေးကျဆင်းခြင်းနှင့်အတူ ခရီးသွားလုပ်ငန်း အပေါ် ထိခိုက်မှုသည်များစွာ သက်ရောက်မှုရှိသောကြောင့် နိုင်ငံတော်အနေဖြင့် ထိခိုက်မှုရှိသော လုပ်ငန်းများအတွက် ကုစားမှုအနေဖြင့် ချေးငွေများ ထတ်ပေးခြင်းနှင့် ဘဏ်တိုး လျှော့ပေါ့ပေးခြင်းစသည့် အစီအမံများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ် အနေနဲ့လည်း ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ စီးပွားရေးလုပ်ငန်းများ မပြိုလဲနိုင်ရေး၊ ထိခိုက်မှု နည်းပါးရေး၊ အလုပ်သမားရေးရာ ကဏ္ဍများကို ဖြေရှင်းပေးနိုင်ရေးနှင့် လက်ရှိကာလအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာနိုင်ရေးအတွက် ကြိုတင်စီမံနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံမှ (၂/၂၀၂၂) အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး မိမိတို့ကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့်ကော်မတီဝင်များက ဆွေးနွေးတင်ပြကြ ပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က အကြံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဆွေးနွေးတင်ပြမှုများပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အဆိုပါ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်းရှိ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် ( ပြန် / ဆက် )