တီးတိန်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနားပြုလုပ်

တီးတိန် ဖေဖော်ဝါရီ ၈

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁၁နာရီက ပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နိတ်ကိမ်းလျန်းက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ လူမှုရေးပင်စင် ထောက်ပံ့ကြေးများအား ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပေးအပ်သည်။

တီးတိန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၂၃)ဦးက လူမှုရေးပင်စင် ခံစားကြောင်း သိရသည်။‌

မြို့နယ်(ပြန်/ဆက်)