ချင်းပြည်နယ်

တွန်းဇံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းအပ်နှံမှုများအား ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် တွန်းဇံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အတွင်း အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုများကွင်းဆင်းကြည့်ရှု့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က တုန်းတွောင်ကျေးရွာအုပ်စု၊ တုန်းတွောင်ကျေးရွာ အလယ်တန်းကျောင်း၊ ပိုးစာခြံမူလတန်းကျောင်းနှင့် ခေါလိုင်အလယ်တန်းကျောင်းခွဲများသို့ ကျောင်းအပ်နှံမှု၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများထောက်ပံ့မှုအခြေအနေများကို ကွင်းဆင်းစစ်‌ဆေးခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်ဝန်းအတွင်း၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃−၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်

၂၀၂၃−၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဟားခါးတက္ကသိုလ်မှ ဆရာ/ဆရာမများ ၊ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ    တက်ရောက်ကြသည်။

တွန်းဇံမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် သဘာဝဘေးန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၃) သို့ တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ဟားခါးမြို့နယ်အတွင်း မိုခါမုန်တိုင်း ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြိုနယ်အတွင်းရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဟားခါးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဟားခါးမြို့သို့ရောက်ရှိလာသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ၊ စစ်ဗျူဟာ (အခြေချ) ဟားခါးမှစစ်ဗျူူဟာမှူးနှင့်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များလိုက်ပါလျက် မေလ ၂၂ ရက်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းများသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းကိုကို တီးတိန်မြို့သို့ရောက်ရှိပြီး သဘာဝ‌ဘေးသင့်ပြည်သူများ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေး တာဝန်ခံဗိုလ်မှူးချုပ်ဝင်းကိုကို ရောက်ရှိပြီး အမှတ်(၂၆၉)ခြေလျင်တပ်ရင်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့ သဘာဝဘေးသင့်ပြည်သူများအား တွေ့ဆုံထောက်ပံ့ပွဲပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်မှူးချုပ်ဝင်းကိုကိုက အမှာစကားပြောကြားပြီး တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ချမ်းငြိမ်းက တီးတိန်ခရိုင်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)နှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ လေဘေးသင့်ပြည်သူများ တွေ့ဆုံပွဲကျင်းပ၊ လေဘေးသင့်ပြည်သူများနှင့် လေဘေးရှောင်ပြည်သူများ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ လေဘေးသင့် ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟားခါးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လေဘေးသင့်ပြည်သူများနှင့် လေဘေးရှောင်ပြည်သူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်သဘာဝဘးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၃) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
Subscribe to ချင်းပြည်နယ်