ချင်းပြည်နယ်

မတူပီမြို့၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မတူပီ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများကို ထုတ်ပေးလျက်ရှိသည်။

မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံရှိ ကန့်သတ်စောင့်ကြည့်ထားသည့်နေရာ(Quarantine Center) မှ စောင့်ကြည့်ထား ရှိသူများ ကြိုတင်ဆန္ဒမဲပေး

မင်းတပ်မြို့ခရိုင်ပြည်သူ့ဆေးရုံ Quarantine Center ၌ သံသယစောင့်ကြည့်လူနာအဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများသည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အဆိုပါ Quarantine Center ၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

ချင်းပြည်နယ်၊ တီးတိန်၌ အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံ ရေးတာဝန်ထမ်းဆောင်မည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့အထူး ရဲသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက စကောလမ်း ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်း၌ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်၊ တီးတိန်၌ ကြိုတင်မဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီက ခွာဒိုခန်းမ၌ ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ ဆန္ဒမဲလက်မှတ်များနှင့်မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်(၇)နာရီ အချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ မံရုံမှူးနှင့်ဒုတိယမဲရုံမှူးများအား ဆင်ပွားသင်တန်းပို့ချ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မံရုံမှူးနှင့်ဒုတိယ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ/ ဆရာများအား ဆင့်ပွားသင်တန်း ပို့ချခြင်းကို ယနေ့နံနက်(၉)နာရီအချိန် အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပသည်။

မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံများအတွက် မဲလက်မှတ်များထုတ်ပေးခြင်းနှင့် ဆန္ဒမဲလက်မှတ်များ စိစစ်ခြင်း ဆောင်ရွက်

မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံများတွင် အသုံးပြုမည့်မဲရုံသုံး ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက် ခဲ့သည်။

ဖလမ်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါတီ(၃)ခုမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း(၂)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ်အတွင်း ပါတီ(၃)ခုမှ ကိုယ်စားလှယ်လောင်း(၁၁)ဦးနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ် လောင်း(၂)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖလမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းမည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား လေ့ကျင့်သင်ကြားသည့် အထူးရဲသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ရှလွယ်ခန်းမ၌ ပြုလုပ်သည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျောင်းဆရာမ(၁)ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာ ၂၈ ရက် နံနက်က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။
Subscribe to ချင်းပြည်နယ်