ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော အသက် ( ၅၁ ) နှစ်အရွယ် အမျိုးသားတစ်ဦး COVID-19 ရောဂါဖြင့်သေဆုံး

ဟားခါး   ဇွန်   ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော အသက် (၅၁)  နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့နံနက် ၄ နာရီခွဲအချိန်၌ COVID-19 ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

 အဆိုပါ ကွယ်လွန်သူမှာ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာမှ ဦးကီယာန်ဘိခ့် ဆိုသူဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ကျန်းမာရေးမကောင်းသဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှုခံယူ၍ ဆေးစစ်ခဲ့ရာ COVID-19 ရောဂါ Positive ဖြစ်ခဲ့ကြောင်း၊ သေဆုံးသူ၏ Dead Body အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဟားခါးမြို့ ပြည်သူ့ဆေးရုံမှ ဆောင်ရွက်ပြီးဖြစ်ကြောင်း ဟားခါးမြို့နယ်အုပ်ချုပ်ရေးရုံးမှ သိရသည်။

ခရိုင် ( ပြန် /ဆက် )