ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) သို့ တက်ရောက်
ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆)ကို ဇန်နဝါရီလ ၈ ရက်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းကော်မတီရှိတာဝန်ရှိသူများနှင့် ဟားခါးမြို့နယ် ဝဥသမဝါယမအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။