ချင်းပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာဝုန်ဆွန်းထန်၊    ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်

ဟားခါး         ဇွန်     ၁၆

ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ အစည်းအဝေးကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီ က ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကအဖွင့် အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းသည် နိုင်ငံတော်အစိုးရက ဦးစားပေးဆောင်ရွက်နေ သည့် လုပ်ငန်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီအဖွဲ့နှင့် ပူးပေါင်း၍ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့် MSME ပြခန်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တက်ရောက်လာကြသူများအနေဖြင့် ဆွေးနွေး တင်ပြကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ချင်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို  ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် MSME လုပ်ငန်းရှင်များက နေပြည်တော်တွင်ကျင်းပမည့် MSME ပြခန်းအတွက် ဆောင်ရွက်ထားရှိမှုများ၊ မိမိတို့ လုပ်ငန်းများအလိုက်ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ပေးစေလိုသည့်အချက်များကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က  ဆွေးနွေးတင်ပြချက်များအပေါ်  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်