ဟားခါး ဇွန် ၁၇
သဘာဝပန်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များရေရှည်ထိန်းသိမ်းနိုင်စေရန် အတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲကို ဇွန် ၁၇ ရက် နံနက် ၈နာရီ က ချင်းပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်း၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပွဲတွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က သရခံပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်နှင့် စိန်ပန်းပြာပင်များကို သတ်မှတ်နေရာများအသီးသီး၌ စိုက်ပျိုးကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက သစ်ပင် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်