လှိုင်းဘွဲမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID(Unique Identity)ဆောင်ရွက်ပေး

လှိုင်းဘွဲ ဇူလိုင် ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ  အငြိမ်းစားမိဘပြည်သူများအား (ခ)ရပ်ကွက်၊  မြို့မဘုန်းတော်ကြီးကျောင်း၌ UID(Unique Identity) ဆောင်ရွက်‌ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက  စတင် ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)မိဘပြည်သူများအား Biometric(UID)ကဒ်  ကွင်းဆင်းဆောင်ရွက်ပေးရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန  ဦးစီးအရာရှိ ဦးစည်သူအောင်မှ Biometric(UID) Smart Card မပြုလုပ်ရသေးသော အငြိမ်းစားဝန်ထမ်းမိဘပြည်သူများအား ဆိုရှယ်မီဒီယာ Facebook Page တွင် ကြိုတင်အသိပေး ကြေငြာခြင်း၊  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် နှိုးဆော်ပန်ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အငြိမ်းစားမိဘပြည်သူများက လာရောက်ပြုလုပ်လျက်ရှိကြသည်။

UID(Unique Identity)ဆောင်ရွက်ပေးရာတွင် မသန်စွမ်းသူ(အငြိမ်းစား)ဝန်ထမ်းများကို ဖေးမကူညီပေးခြင်း၊ အနားယူစောင့်ဆိုင်းရန်နေရာများ  ဆောင်ရွက်ပေးခြင်း၊ Smart Card များအား အခမဲ့ပလတ်စတစ်လောင်းပေးခြင်းလုပ်ငန်းများကို  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ  ဝန်ထမ်းများကကူညီဆောင်ရွက်ပေးခဲ့သည်။

Biometric(UID)ကဒ်  ကွင်းဆင်းဆောင်ရွက်သည့်နေရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းကိုစိုးနှင့် မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဝင်များက Smart Card များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)