ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာအများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းများ ဖြစ်သောဖာလာ၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့်  နှစ်ရှည် သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျော်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ငှက်ပျောသီးများ ကိုတစ်နှစ်လျှင်(၃)ကြိမ်ခုတ်ယူနိုင်ပြီးယခုလ တွင်သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများအထွက်နှုန်းကောင်း သော်ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူလေးစားရမည့် အာဇာနည်ခေါင်းဆောင်တို့၏ စိတ်ဓာတ်များ၊ မမေ့သင့်မမေ့အပ်သော အာဇာနည်နေ့၊ အာဇာနည်သူရဲကောင်းတို့၏ ဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်မှု၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးရီက မိုးရာသီတွင်ဖြစ်ပေါ် တတ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့်  မြေပြိုဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ချိန်၊ ဖြစ်ပြီးနောက်တွင် ဆောင်ရွက်ရကြမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အကြောင်းများကို    ဟောပြောခဲ့သည်။

ကရင်ပြည်နယ်အတွင်း ပျိုးပင်ပေါင်း ၁၅၃၃၁၅ ပင်ဖြန့်ဝေစိုက်ပျိုးပြီးဖြစ်

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင် ဖြန့်ဝေစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ လူထုဖြန့်ဝေစိုက်ပျိုကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင် ဖြန့်ဝေစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ လူထုဖြန့်ဝေစိုက်ပျိုးခြင်း အပါအဝင် မိုးရာသီသစ်ပင်စိုက်ပွဲ (၇) ကြိမ်ဖြင့် ပျိုးပင်ပေါင်း ၁၅၃၃၁၅ ပင် ဖြန့်ဝေစိုက်ပျိုးပြီး ဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မြိုင်ကလေး၊ အမှတ် (၂) ဘိလပ်မြေစက်ရုံ (တန်-၄၀၀၀) ၌ ကျင်းပသည့် ပြည်နယ်အဆင့် မိုးရာသီ (တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။းခြင်း အပါအဝင် မိုးရာသီသစ်ပင်စိုက်ပွဲ (၇) ကြိမ်ဖြင့် ပျိုးပင်ပေါင်း ၁၅၃၃၁၅ ပင် ဖြန့်ဝေစိုက်ပျိုးပြီး ဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မြိုင်ကလေး၊ အမှတ် (၂) ဘိလပ်မြေစက်ရုံ (တန်-၄၀၀၀) ၌ ကျင်းပသည့် ပြည်နယ်အဆင့် မိုးရာသီ (တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူ များအား UID (Unique Identity) ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကြားတောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူများအား UID (Unique Identity) များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နိုင်ငံတော်၏ သယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မျှတမှုကို ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေသဘာဝ ဖြစ်ထွန်းစေရန်၊ ကောင်းမွန် မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ အပူဒဏ်လျှော့ချနိုင်ရေး၊ အဖိုးတန် ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ တွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီက မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ကုန်တင်ကုန်ချ ပတ်လမ်းတစ်လျှောက်တွင် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပသည်။

မြဝတီမြို့နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသည့် အများပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယမန်နေ့ည ၇ နာရီအချိန်၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရေကြီးခြင်းသတိပေးထုတ်ပြန်ချက်အား အသိသတိပေး နှိုးဆော်ခဲ့ကြသည်။

လှိုင်းဘွဲ့မြို့၌ မိသားစုဝင်ငွေတိုးရေး သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(ပထမအကြိမ်)ကို ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီက လှိုင်းဘွဲ့မြို့နယ် အောက်ရေပူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အာဇာနည်နေ့သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို ဟော​ပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိူင်လ ၈ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) (၇/၂၀၂၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) (၇/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား  ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံတက္ကသိုလ် (၂၂) နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ တက်ရောက်

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်