သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်းကျဆင်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊ တညှင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယခုနှစ်တွင် မြေပြိုမှုကြောင့် ဉယျာဉ်ခြံမြေများပျက်စီးခြင်း၊ မိုးများပြီးဖာလာအသီးများ ပျက်စီးခြင်းတို့ကြောင့် ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက် ဈေးကောင်း ရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။