ကရင်ပြည်နယ်

သံတောင်ကြီးဒေသတွင် လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ကို တစ်နှစ်တာပတ်လုံး အရွက်နုများထွက်ရှိချိန်တွင် လက်ဖက်‌ခြောက်၊ လက်ဖက်စိုများ ပြုလုပ်ရောင်းချရာတွင် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ ဥယျာဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး  နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသား လူငယ်လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ် သိရှိစေရန် အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ အမျိုးသမီးများဝင်ငွေတိုးတက်ရေးအခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ဘားအံ)မှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အမျိုးသမီးများဝင်ငွေတိုးရေးလုပ်ငန်း အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက လှိုင်းဘွဲမြို့နယ် ကြို့ချောင်းစံပြ ကျေးရွာတွင် ဖွင့်လှစ်ရာ ကျေးရွာရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းကော်မတီဝင်များ၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(ဘားအံ)မှ တာဝန်ရှိသူများနှင့် သင်တန်းသူများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့သည်။

အမှိုက်များခွဲခြားစွန့်ပစ်နိုင်ရန် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌမာရ်အောင်ဘုရားကြီးနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌမာရ်အောင်ဘုရားကြီးနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(၁၅)ဖွဲ့သို့ အမှိုက်ပုံးကြီးများလွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း(ဘားအံ)၊ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းကို အ.ထ.က(၁) မြဝတီ၌ ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်သည်။

ပိုင်ကျုံမြို့ ထန်းတပင်‌ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့်ဉာဏ်ဏစွမ်းရည်မြှင့်မား‌စေရေးအတွက် ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုရှိ အ-မ-က ရာခိဘောင်ကျောင်းနှင့် မူ(လွန်)ထန်းတပင်ကျောင်းတို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၇ ရက်နေ့က နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်  ၁၀  နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အခြားသောစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ  အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ ရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က (၁) ကျောင်းတွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်