ပိုင်ကျုံ စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စုရှိ အ.လ.က (ခွဲ) ဝင်းကမော့နှင့် မူလွန်ငှက်ပျောတောတို့၌ ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများအား ကျောင်းသားလူငယ်များတို့မှ အသိပညာရရှိရန် ရည်ရွယ်၍ စက်တင်ဘာ ၉ ရက်နေ့က အသိပညာပေးဟောပြောပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလျင်ဘေးအန္တရယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာဆောင်ရွက်ရမည့်အခက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြသသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ စွန့်ပစ်အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား လူငယ်များတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)