ဘားအံမြို့တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေး သင်တန်းဖွင့်လှစ်

ဘားအံ  စက်တင်ဘာ  ၉

ကရင်ပြည်နယ် ဘားအံမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေ ရေး(Training of Trainers)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနန္ဒာဖြိုးနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းနွဲ့တို့က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များအကြောင်းကို  အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ စည်ပင်သာယာရေးအဖွဲ့၊ ပညာရေးမှူးရုံး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ သင်တန်းဆရာများ၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့မှ ဆရာ၊ ဆရာမ ၃၀တက်ရောက်ခဲ့ပြီး စက်တင်ဘာ၉ရက်မှ ၁၀ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)