ကရင်ပြည်နယ်

မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းမ၌ မူလတန်းအဆင့် ကလေးသူငယ်များဖြင့် ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများကို  ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊  ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရုံးအဖွဲ့များမှ ဝန်ထမ်းများတက်ရောက်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေး ကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီးလျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီ ကျော်လွန်ရေး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက တောင်သူစည်းရုံးပညာပေးလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့၊ မြို့မစျေး၌ စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ စွန့်ပစ်အမှိုက်များခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် စျေးသူ၊စျေးသားများအား အသိပညာပေးသရုပ်ပြပွဲကို လှိုင်းဘွဲမြို့၊ မြို့မစျေးအတွင်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် သံပုရာသီးများလှိုင်လှိုင်ထွက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များကို   အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  သံပုရာသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမိုးတွင်းအချိန်တွင်  သံပုရာသီးများ  လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသ၌ ပေါ်ဉီးပေါ်ဖျား တညင်းသီးများ ဈေးကောင်းရရန်မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ကော်ဖီ၊ ရော်ဘာ၊ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် တညင်းပင်များကို တစ်နိုင်တစ်ပိုင်စီးပွားရေးအတွက် စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျား စတင်ဆွတ်ခူးချိန်၌ ဈေးကောင်းပိုမိုရရှိလာရန် တညင်းစိုက်တောင်သူများ မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာ    အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဈေးများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးသရုပ်ပြ

ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့်စွန့်ပစ်မှုများဖြစ်စေရေးအတွက် ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်မှုပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ဈေးများတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ရွှေဉဒေါင်းရေးသားသော “အာဟာရနှင့်ကျန်းမာရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ခရစ်ကက်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြ (Level-A) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ခရစ်ကက်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြ (Level-A) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာ၌ ပြုလုပ်ကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်