ကျုံဒိုးမြို့၌ မီးဘေးလုံခြုံရေး ဆောင်ရွက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလအတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော့ကရိတ်ခရိုင် မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များ၊ မဲရုံအဆောက်အဦနှင့် အနီးဝန်းကျင်နေရာတို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးပညာပေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။