ဘားအံ မေ ၃၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် စီမံဆောင်ရွက်၍ ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ အရာထမ်းငယ် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းကို ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ မေလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၄ နာရီအချိန်ထိ သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးစီးအရာရှိ (၁၈) ဦးနှင့် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) (၄၀)ဦး၊ စုစုပေါင်း အရာရှိ၊ အရာထမ်းငယ် (၅၈)ဦးတို့အား သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူသင်တန်းနည်းပြများက မိမိတို့၏ သင်ကြားပို့ချရမည့် ဘာသာရပ်များအလိုက် သင်ကြားပို့ချလျက်ရှိရာ မေလ ၂၅ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် စာရင်းစစ်ချုပ် ဦးအောင်စိုးက သွားရောက်၍ အဆိုပါဝန်ထမ်းများအား ဌစရေးသားနည်းဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)