ဘားအံမြို့တွင် (၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများ ကျင်းပ

ဘားအံ မေ ၃၁

ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကျင်းပသော (၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ လူငယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဘားအံခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ စုစုပေါင်း (၁၅) ကျောင်းတို့မှ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၃) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၁)ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ(၁၆)ဦး၊  စုစုပေါင်း ပြိုင်ပွဲဝင် (၅၀)ဦးတို့မှ သတ်မှတ်ခေါင်းစဉ်များအလိုက် စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)