ကရင်ပြည်နယ်

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကျင်းပ

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)နေ့တွင် ကျ‌ရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ဘားအံမြို့ သီရိကွင်း၌ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ပျော်ပွဲရွင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုဝင်ဘာလ (၇)ရက်နေ့မှ (၉)ရက်နေ့ထိ ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

(၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများခင်းကျင်း ပြသ

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)နေ့တွင် ကျ‌ရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ဘားအံမြို့ သီရိကွင်း၌ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်း ရိုးရာယဉ်ကျေးမှုများ၊ စာပေများ၊ ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြည်သူများလေ့လာနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ပြခန်းများကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၀)ရက်နေ့ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြဝတီမြို အ.ထ.က(၃)၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် သိရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောသည်။

လိပ်သိုဒေသထွက် သဘာဝအော်ဂဲနစ်ငှက်ပျောသီးများ ဈေးကောင်းရရှိနေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိဒေသခံများမှာ နှစ်ရှည်သီးနှံပင်များကို အဓိကထားစိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းကြသော်လည်း မိမိတို့စားသုံးရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန် ငှက်ပျောမျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြရာ ဒေသထွက်ငှက်ပျောသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပုံတူပန်းချီပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသူ/ကျောင်းသားများ သီတင်းကျွတ်ကျောင်းပိတ်ရက်၌ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် ယနေ့နံနက်(၁၀)နာရီ အချိန်က ပုံတူပန်းချီပြိုင်ပွဲပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသနေပြည်သူများစုပေါင်း၍ မဟာဘုံကထိန်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသနေပြည်သူများစုပေါင်း၍ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိသော စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို ယမန်နေ့က ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သော ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်နှင့် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများအပ်နှင်းခြင်း၊ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများ ကြည့်ရှု၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ယှဉ်ပြိုင်မည့် ကျောင်းသားအားကစားအဖွဲ့အား ထောက်ပံ့ငွေပေးအပ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ သီရိကွင်း၌ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်ရိုးရာဒုံးအကပြိုင်ပွဲများ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပွဲများနှင့် ဌာနဆိုင်ရာ ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ဌာနဆိုင်ရာပြခန်းများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာနပြခန်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်း၊ လျှပ်စစ်၊ စည်ပင်၊ သစ်တော၊ ဆောက်လုပ်ရေးပြခန်း၊ လူမှုဝန်ထမ်း၊ ပညာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးပြခန်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ လှည့်လည်ကြည့်ရှုအားပေးပြီး အကောင်းဆုံးပြခန်းများကို စိစစ်ရွေးချယ်၍ နိုဝင်ဘာ ၁၀ ရက်နေ့တွင်ကျင်းပမည့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုဆုများပေးအပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန် အတွက်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့နယ် အမှတ် (၃)ရပ်ကွက် ရှင်ဂျောဂျက်ဘုရားကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းအဖွဲ့များက သံတောင်ကြီးမြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်မရှိသေးသောသူများကို ပန်းခင်းစီမံချက်(၂)ဖြင့် အခမဲ့ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်