(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကျင်းပ

ဘားအံ နိုဝင်ဘာ ၁၀

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)နေ့တွင် ကျ‌ရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ဘားအံမြို့ သီရိကွင်း၌ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ပျော်ပွဲရွင်ပွဲများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုဝင်ဘာလ (၇)ရက်နေ့မှ (၉)ရက်နေ့ထိ ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် သွေးသစ်ဝင်းလှိုင်(Family ဝမ်ချိုင်း) နှင့် ကျော်စွာဝင်း (M2Kမန္တလေး) တွဲဆိုင်းအပါအဝင် တွဲဆိုင်း(၁၈)ဆိုင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနိုင်ရရှိသော လက်ဝှေ့သမားများအား နိုဝင်ဘာလ (၉)ရက်နေ့ ညနေပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ ‌ဒေသခံတိုင်းရင်းသားပြည်သူများ၊ လက်ဝှေ့ဝါသနာရှင်များ လာ‌‌ရောက်ကြည့်ရှု့ကြပြီး လက်ဝှေ့ပြိုင်ပွဲသို့ လာရောက် မကြည့်ရှုနိုင်သည့် ပြည်သူများအတွက်  NRC- Hpa-An Facebook Page နှင့် One Plus Creation Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)