သံတောင်ကြီး နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန် အတွက်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့နယ် အမှတ် (၃)ရပ်ကွက် ရှင်ဂျောဂျက်ဘုရားကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းအဖွဲ့များက သံတောင်ကြီးမြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်မရှိသေးသောသူများကို ပန်းခင်းစီမံချက်(၂)ဖြင့် အခမဲ့ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သံတောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းထိုက်နှင့်ဝန်ထမ်းများက နိုင်၍သားစိစစ်ရေးကတ်ပြလုပ်ရန် လာရောက်ကြသည့် ဒေသခံပြည်သူများကို အထောက်အထားများစီစစ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစ်ရေးကတ်မရှိသေးသူများအား အသစ်ပြုလုပ် ဆောင်ရွက်ပေးခြင်း အသစ်အဟောင်း လဲလှယ်လိုသူများအား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နော်လော်မူ