သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပုံတူပန်းချီပြိုင်ပွဲပြုလုပ်

သံတောင်ကြီး နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင်  ကျောင်းသူ/ကျောင်းသားများ သီတင်းကျွတ်ကျောင်းပိတ်ရက်၌ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် ယနေ့နံနက်(၁၀)နာရီ အချိန်က ပုံတူပန်းချီပြိုင်ပွဲပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသား(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ