လိပ်သိုဒေသထွက် သဘာဝအော်ဂဲနစ်ငှက်ပျောသီးများ ဈေးကောင်းရရှိနေ

လိပ်သို နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိဒေသခံများမှာ နှစ်ရှည်သီးနှံပင်များကို အဓိကထားစိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းကြသော်လည်း မိမိတို့စားသုံးရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန် ငှက်ပျောမျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြရာ ဒေသထွက်ငှက်ပျောသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ဒေသခံများမှာ ငှက်ပျောပင်များကို မိမိတို့၏ဥယျာဉ်ခြံမြေနှင့် တောင်ယာများတွင် ကြားညှပ်သီးနှံအဖြစ်လည်းကောင်း၊ အိမ်ခြံဝင်းအတွင်းရှိ မြေလွတ် မြေလပ်များတွင် တစ်နိုင်တစ်ပိုင်အဖြစ်လည်းကောင်း သီးမွှေး၊ ရွှေနီ၊ ရွှေဖြူ၊ ရခိုင်၊ ဖီးကြမ်းငှက်ပျောမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

ဒေသထွက် သီးမွှေး၊ ရွှေနီ၊ ရွှေဖြူ ငှက်ပျောသီးများကို မြို့ပေါ်ရှိဈေးဆိုင်များတွင် အမျိုးအစားနှင့်အရွယ်အစားပေါ်မူတည်၍ ငှက်ပျောတစ်ဖီးလျှင် ငွေကျပ် (၁၅၀ဝိ/-)မှ(၃၀၀ဝိ/-)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။ ဒေသခံများမှာ ငှက်ပျောသီးမျိုးစုံအပြင် အခြားနှစ်ရှည်သီးနှံပင်မျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)