ခရစ္စမတ်ပွဲတော်ကာလ ခရစ်ယာန်အသင်းတော်များတွင် ခရစ္စမတ်အထူး ဆုတောင်းဝတ်ပြုပွဲများ ပြုလုပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ခရစ္စမတ်ပွဲတော်ကာလတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ အသင်းတော်အသီးသီးတို့က မိမိတို့၏ ဘုရားကျောင်းများ၊ သာသနာဝင်းများတွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုပွဲများ ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။