ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာရေးဆရာ ရွှေကိုင်းသားရေးသားထားသော ရှေးခေတ်ပုဂံပြည်နှင့် သမိုင်းစာပေ၊ ယဉ်ကျေးမှုအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်ကအဆိုပါသင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁၂/၂၀၂၃)အစည်းအ‌ဝေးကျင်းပ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဘားအံ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆွေးနွေး

ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင်စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက စတင်၍  မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး စတင်ဆွတ်ခူး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ပိုင်းတွင် အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ လစဉ် ပုံမှတ်ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံနှင့် အဆင့်မြင့် မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ တက်ရောက်အားပေးချီးမြှင့်၊ 24 Hour Group of Co.Ltd အား လက်ခံတွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ အရှင်ခန္တီစာရရေးသားသည့် ဓမ္မလေညှင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သော ပလက်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်